သတင်းများ

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများအား ဆက်လက်ထိုးနှံပေး
Mar 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများအား ယမန်နေ့နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက်တွင် အိမ်ထောင်စု(၂၂၇)စု ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ရွှေလမ်း အား ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Mar 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက်တွင် အိမ်ထောင်စု(၂၂၇)စု ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ရွှေလမ်း အား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန် ယူပြီး ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကျိုက်ထိုမြို့နယ်တွင်စံချိန်စံညွှန်းအရည် အသွေးပြည့်မီသည့်ဆေးဝါးများနှင့်စားသောက်ကုန် များ ရောင်းချရေးဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း ဆောင်ရွက်
Mar 27,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှု ဦးစီး ဌာနမှ အသိအမှတ်ပြုထားသော စံချိန်စံညွန်းအရည်အသွေးပြည့်မီသည့် ဆေးဝါးများနှင့် စားသောက်ကုန်များ ရောင်းချရေးဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းကို မတ်လ(၂၅) ရက် မွန်းလွဲပိုင်းက မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ  ပူးပေါင်း၍    လိုက်လံဆောင်ရွက်ခဲ့ကြသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ဖြေဆိုမည့်ကျောင်းသား/ သူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး
Mar 27,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ မတ်လ(၃၁)ရက်မှ ဧပြီလ(၉)ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမည့်ကျောင်းသား/သူများအား ဖြေဆိုခွင့်ကတ်ပြား များကို ယမန်နေ့နံနက်(၉)နာရီ  မှစ၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်မီးလင်းရေး ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် ၁၀၀ ကေဗွီအေထရန်စဖာဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ တင်းကုတ္တန်းကျေးရွာတွင် ကျေးလက်မီးလင်းရေး ၁၁ကေဗွီ ဓာတ်အား လိုင်း၀ဒဿမ၆မိုင်နှင့် ၁၀၀ကေဗွီအေထရန်စဖာ ဖွင့်ပွဲအခမ်းအနားက မတ်လ ၂၅ ရက်နေ့ ညနေပိုင်း(၅)နာရီအချိန်က အဆိုပါကျေးရွာ၌ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား ကျောင်းသူ (၆၃၀၀)ကျော် ဖြေဆိုမည်
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များတွင် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနမှပြုလုပ်မည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၆၃၂၇)ဦးဖြေဆိုရန် စာရင်းပေးသွင်း ထားကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Mar 27,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများ အားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့တွင်းရှိ အောင်သုခလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ပြီးစီး
Mar 27,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများနှင့် တံတားများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘက်ဂျက်)တွင် တိုင်းဒေသကြီးအစိုးရထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော အောင်သုခလမ်း (မကွေးလမ်းနှင့် မြစည်းခုံ လမ်းကြား)ကွန်ကရစ်လမ်းခင်းခြင်း အရှည်(၄၇၉)ပေ အကျယ်(၁၆)ပေ အမြင့်(၈)လက်မလမ်းအား ခွင့်ပြုငွေကျပ် (၁၉.၁၄၀) သန်းဖြင့် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။