ကျိုက်ထိုမြို့နယ်တွင်စံချိန်စံညွှန်းအရည် အသွေးပြည့်မီသည့်ဆေးဝါးများနှင့်စားသောက်ကုန် များ ရောင်းချရေးဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း ဆောင်ရွက်

ကျိုက်ထို  မတ် ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှု ဦးစီး ဌာနမှ အသိအမှတ်ပြုထားသော စံချိန်စံညွန်းအရည်အသွေးပြည့်မီသည့် ဆေးဝါးများနှင့် စားသောက်ကုန်များ ရောင်းချရေးဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းကို မတ်လ(၂၅) ရက် မွန်းလွဲပိုင်းက မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ  ပူးပေါင်း၍    လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အစား အသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင် များမှ ကျိုက်ထို မြို့ပေါ်ရပ်ကွက်များရှိ အိမ်သုံးဆေးဝါးဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ တို့၌ အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲမှုဦးစီးဌာနမှ  အသိအမှတ်ပြုထားသည့် အိမ်သုံးဆေးဝါးများ၊ အစားအသောက်များ၊  နို့မှုန့်များ၊ ကလေး ဖြည့်စွက်အဟာရမှုန့်များ စသည်တို့ကိုသာရောင်းချရေး၊ စံချိန်စံညွှန်းအရည်အသွေးပြည့်မီသည့် ဆေးဝါးများနှင့် စားသောက်ကုန်များသာရောင်းချရေး၊  ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိ စသည်တို့ကို ဈေးကွက်ထောက်လှမ်း စစ်ဆေးခြင်း လိုက်လံဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ရဲတပ်ဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ FDA စသည့်   ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန်းသန်းမော်(ကျိုက်ထို)