နတ်မောက်မြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ဖြေဆိုမည့်ကျောင်းသား/ သူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး

နတ်မောက်  မတ် ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ မတ်လ(၃၁)ရက်မှ ဧပြီလ(၉)ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမည့်ကျောင်းသား/သူများအား ဖြေဆိုခွင့်ကတ်ပြား များကို ယမန်နေ့နံနက်(၉)နာရီ  မှစ၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

နတ်မောက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာစစ်ဌာနအဖြစ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ဖြေဆိုမည့်သူ(၅၇၆)ဦးရှိပြီး၊ ဖြေဆိုမည့်သူ (၂၁၂)ဦးတွင် အတွဲ(၁) ဖြေဆိုမည့်သူ (၁၂၉)ဦး၊ အတွဲ(၂)ဖြေဆိုမည့်သူ ( ၃၉ )ဦး၊ အတွဲ(၇) ဖြေဆိုမည့်သူ(  ၄၄ )ဦးဖြစ်ပြီး၊ ပြင်ပဖြေဆို မည့်သူ ( ၃၆၄ )ဦး တွင် အတွဲ(၁)ဖြေဆိုမည့်သူ(၂၂၃)ဦး၊ အတွဲ(၂)ဖြေဆိုမည့်သူ (၆၀)ဦး ၊ အတွဲ(၇)  ဖြေဆိုမည့်သူ ( ၈၁ )ဦးဖြစ်သည်။

အဆိုပါကျောင်းတွင်းဖြေဆိုမည့်သူ (၂၁၂)ဦးနှင့် ပြင်ပဖြေဆိုမည့်သူ (၃၆၄)ဦး၊ စုစုပေါင်း ကျောင်း သား/သူ ( ၅၇၆ )ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။   

သင်းသင်းမြတ်(နတ်မောက်)