ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ငါန်းဇွန် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၆၂)ဦး၊ မြို့သာဇုံမှ (၂၁၁)ဦး၊ ငါန်းမြာဇုံမှ (၈၂)ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၃)ဦး၊ သားကျင်ဇုံမှ (၂၃၁)ဦး၊ ဂျိုဇုံမှ (၃၆)ဦး၊ သံဘိုဇုံမှ(၃)ဦး၊ ရေလည်သောင်ဇုံမှ(-)ဦးနှင့် ကုလားရွာ ဇုံမှ(၆၀)ဦး ဇုံ(၉)ဇုံမှ စုစုပေါင်း (၇၁၈)ဦး ထိုးနှံပေးခဲ့ကြောင်းသိရသည်။                                                                                                                                                                                                                                                                                                                                                 

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အမအသုတ် ပထမအကြိမ် (၂၃၆၈၄)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။               

သက်နောင်ဦး(ငါန်းဇွန်)