ထန်းတပင်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာနခန်းမတွင် နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပ​​ဟေဠိပြိုင်ပွဲ ကျင်းပ

ထန်းတပင်(ရန်ကုန်) မတ်


(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပ​​ဟေဠိပြိုင်ပွဲကို မတ်လ(၂၄)ရက်၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည် တပ်မတော်၏သမိုင်းကြောင်းအား လူငယ်လူရွယ်များ သိရှိစေရန်၊နွေရာသီကျောင်းပိတ်ရက် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အကျိုးရှိစွာ အသုံးပြုနိုင်ရန်နှင့် လူငယ်လူရွယ်များ ဉ်းစားတွေးခေါ်မှုမြင့်မား၍ ဖြတ်ထိုးဉာဏ်များ ကောင်းမွန်လာစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပ​​ဟေဠိပြိုင်ပွဲကိုကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး ပြပွဲ၊ ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် Book Clubအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ကျောင်းသား၊ကျောင်းသူ(၁၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)