ငါးသိုင်းချောင်း နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ.မ.က ရွှေဘိုတန်းကျောင်း၌ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ပြီး ဗဟုသုတပြည့်စုံစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.မ.က ရွှေဘိုတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက ဟောပြောပွဲ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်/ဆက်ဉီးစီးမှူး ဒေါ်နှင်းယုဝေက လူငယ်နှင့်အမျိုးသားရေး စိတ်ဓာတ်ခေါင်းစဉ်ဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းကို လည်းကောင်း၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနက အားကစားနည်းပြနည်းစနစ်မှူး ဉီးဝေယံထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အားကစား ပြုလုပ်ရခြင်းကြောင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများအကြောင်းကို လည်းကောင်း အသီးသီး ဟောပြောခဲ့ပြီး ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ အား/ကာဉီးစီးဌာန ဝန်ထမ်းများက လမ်းလျှောက်မယ်သီချင်း PFD အကနှင့် EIM ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး သွေးပူလေ့ကျင့်ခန်းများကို ကျောင်းသား ကျောင်းသူများနှင့် အတူပျော်ပျော်ပါးပါး စုပေါင်းပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် ပြန်/ဆက်ဉီးစီးဌာနက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/သူလေးများ စိတ်အပန်းပြေစေရန်နှင့် စာဖတ်သည့် အလေ့အထများရှိလာစေရန်အတွက် ရုပ်ပြစာအုပ်များ ဖတ်ရှူစေသည့် နယ်လှည့်စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ (၂၉၅)ဉီး တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)