မြန်အောင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ ကျောင်းစတင်တက်ရောက်ပညာသင်ကြား

မြန်အောင် ဇွန်

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ အခြေခံပညာကျောင်း (၂၆၈)ကျောင်းနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)(၄)ကျောင်း ‌ယ‌မန်နေ့က စတင် ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းစတင် တက်ရောက်ပညာသင်ကြားလျက်ရှိ‌ကြောင်း သိရသည်။

ကျောင်းများစတင်ဖွင့်လှစ်သည့်‌နေ့တွင် မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်အောင်ခရိုင်ပညာရေးမှူး ဦးမြင့်အောင်နှင့် မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများတွေ့ဆုံ၍ အေးချမ်းစွာပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြသည်။

မြန်အောင်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၆၈) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(ဘက)(၄)ကျောင်းရှိပြီး စာရင်းရှိ ကျောင်းသား/ကျောင်းသူ(၃၆၃၃၂) ဦးရှိပြီး ယ‌နေ့အထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား/သူ(၃၂၄၀၆)ဦး အေးချမ်းပျော်ရွှင်စွာ ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက်ရှိ‌ကြောင်း မြို့နယ်ပညာရေးမှူးရူံးမှသိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)