ကသာ ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ဇွန်လ (၁) ရက်နေ့က စတင်ဖွင့်လှစ်ကြောင်း သိရသည်။
ကသာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ KG မှ Grade-12 အထိကျောင်းသား/ကျောင်းသူ (၃၂၈၃)ဦး တက်ရောက်ပညာသင်ကြားကြမည်ဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများ အုပ်ထိန်းသူမိဘများဖြင့် သက်ဆိုင်ရာ ကျောင်းများတွင် အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိကြောင်းနှင့် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့နယ်ပညာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကျော်စွာ(ကသာ)