Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဘုတ်ပြင်းမြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်/ကျေး အသက် (၂၅) နှစ်အောက် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 12,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်မြို့တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်/ကျေး အသက် (၂၅) နှစ်အောက် အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန် ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် အိုးမြေတွင်းကျေးရွာအုပ်စုအား ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Jun 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို အိုးမြေတွင်းကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ချေးငွေကျပ် ၁၉၀ သိန်း ၅ သောင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် ၀က်၀ံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 12,2025
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ၀က်၀ံကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ၀က်ဝံကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒါလီမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ
Jun 12,2025
ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၁၂)နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်ခန်းမ၌ တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်၊ စွန့်ပစ်ပစွည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ခန်းမကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 12,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများထံ သွားရောက်ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ဒေသထွက်ရာသီပေါ်သီးနှံများ ရှာဖွေရောင်းချမှုများမှ မိသားစုစားဝတ်နေရေး အဆင်ပြေ
Jun 12,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများမှ ထွက်ရှိသည့် ဒေသထွက်ရာသီပေါ်သီးနှံများကို ရှာဖွေစားသောက်ရောင်းချနေလျက်ရှိကြသည့် ကြိုးဝိုင်းအနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသနေရွာသူ၊ ရွာသားများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jun 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (Community Center)ခန်းမတွင် ဇွန်လ ၁၂ ရက်နေ့က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
174
Page
175
Page
176
Page
177
Current page
178
Page
179
Page
180
Page
181
Page
182
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department