ကျိုင်းတုံ ဇွန် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခမဲ့) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနသင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကျိုင်းတုံရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထွဋ်ဦး က ကျိုင်းတုံဒေသသို့ ပြည်တွင်း/ပြည်ပခရီးသွားများအား ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရေး၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ကောင်းမွန်သော ခရီးသွားလုပ်ငန်းအဖြစ် ရပ်တည်နိုင်ရေးတို့အတွက်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချမည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်ခန်းစာများကို လုပ်ငန်းခွင်များတွင် လက်တွေ့အသုံးချနိုင်ရေးနှင့် အခြေခံအရည်အချင်းများရရှိရေး ကြိုးစွားသင်ယူကြရန် အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်သွယ်သွယ်ထွန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ ဟိုတယ်၊ စားသောက်ဆိုင်များမှဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ဒေသခံတိုင်းရင်းသားများစုစုပေါင်း ၄၅ ဦးတက်ရောက်ပြီး သင်တန်းကာလ ၄ အပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)