တံတားဦး ဇွန် ၂
၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ဇွန် ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၂၉၀၆ ဦး အေးချမ်းစွာတက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း ၁၂၁ ကျောင်း၊ ဘုန်တော်ကြီးသင် ပညာရေးကျောင်းပေါင်း ၈ ကျောင်းတို့ ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သညိ့ ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် စာရေးကရိယာများကိုလည်း သက်ဆိုင်ရာအတန်းအလိုက် ကျောင်းအပ်နှံချိန်တွင် တစ်ပါတည်းဝေပေးခဲ့ပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာကျောင်းအသီးသီးတွင် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှုးရုံးမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)