သတင်းများ

ကျိုက်လတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် "နိုင်ငံ‌တော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း​ဒေသကြီး၌ နွေရာသီအခြေခံ နပန်းသင်တန်းဆင်းပွဲကျင်းပ
Jun 02,2026
၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ နပန်းသင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ နပန်းအားကစားလေ့ကျင့်ရေးရုံ၌ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးအာကာလွင်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမာထွေးနှင့် မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း၊ အားကစားနှင့်ကာယပညာသိပ္ပံပညာ (ရန်ကုန်) ဒုတိယကျောင်းအုပ် ဦးအောင်မျိုးဝင်း၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ နည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိ
Jun 02,2026
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဇွန် ၁ ရက် နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံထားရှိသော ကျောင်းသားကျောင်းသူများက စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 
သုံးခွမြို့နယ်တွင် သမဝါယမအသင်းသား တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာများ ပေးအပ်ပွဲကျင်းပ
Jun 02,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် သမဝါယမဦးစီးဌာနက အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာများ ပေးအပ်ခြင်းကို မေလ ၃၁ ရက် နေ့လယ် (၁) နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၊ သာသနာ့ဝံသ (လေးကြီး) ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပခဲ့သည်။
ပုလောမြို့နယ်၊ပလောက်မြို့၊မူလွန် (ကံမော်ကြီး)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်
Jun 02,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊မူလွန် (ကံမော်ကြီး)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 02,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများမှာ အေးချမ်းစွာ ပညာသင်ယူလျက်ရှိသည်။
သဲကုန်း​မြို့နယ်၌ ​တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းများဆောင်ရွက်
Jun 02,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ ရောဂါကင်းရှင်းပြီး ကျန်းမာစွာနေထိုင်နိုင်ရန် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ရပ်ကွက် (၄) ပေါက်တောရပ်ကွက်သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။