ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အပညာပေးမြေစိုက်ပိုစတာများ စိုက်ထူ

ကျိုင်းတုံ ဇွန် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး  မြေစိုက်ပိုစတာများ စိုက်ထူခြင်းကို ဇွန် ၁ ရက်က ခရိုင်ပတ်၀န်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနရုံးရှေ့၊ မြို့တော်ခန်းမရှေ့နှင့် ကျိုင်းတုံ-တာချီလိတ်ကားလမ်း နောင်နွန်းစစ်ဆေးရေးဂိတ်အနီးတို့တွင် စိုက်ထူကြသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို အများပြည်သူများပိုမိုသိရှိစေရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာများအား ကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လေးနှင့် ဝန်ထမ်းများက စိုက်ထူခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)