သတင်းများ

မိုင်းနောင်မြို့ အထကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Jun 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မန္တလေးတိုင်းအတွင်းရှိ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ လှူဒါန်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 25,2022
မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းက ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း‌နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်များပြသ
Jun 25,2022
၂၀၂၂ ခုနှစ်၊ ယနေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာ၌ မြို့နယ်လုံးဆိုင်ရာ သုံးထပ်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေး မြေသန့်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 25,2022
မိတ္ထီလာမြို့၌ မြို့နယ်လုံးဆိုင်ရာ သုံးထပ်သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် မြေသန့်မင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျီတော်ကုန်းရပ်ကွက်၊ နယ်မြေ((၈) ရှိ အဆိုပါဗိမာန်တော်ကြီး တည်ဆောက်မည့် နေရာတွင် ကျင်းပကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 25,2022
မွန်ပြည်နယ်အတွင်းရှိ တရားလွှတ်တော်နှင့် တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသားကျောင်းသူများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့တွင် ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံမိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jun 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တောင်သူများ၏ လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးနှမ်းများ‌ အောင်မြင်ဖြစ်ထွန်း‌ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။‌ တောင်သူများအ‌နေဖြင့် ဆီထွက်သီးနှံ မိုးနှမ်းအပြင် မြေပဲနှင့်နေကြာကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဖလမ်းမြို့၌မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ကျင်းပ
Jun 25,2022
ချင်းပြည်နယ်၊ ဖလမ်း မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော တားမြစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးခြင်းကို ဇွန်လ ၂၅ ရက်၊ နံနက် ၉နာရီ ၃၀ အချိန်က ဖလမ်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကော့ကရိတ်မြို့နယ်တွင် တိရစ္ဆာန်အစာပင်​​ နေဗီယာမြက်သရုပ်ပြစိုက်ပျိုး
Jun 25,2022
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်​နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ယမန်​နေ့နံနက် ၁၁နာရီတွင် ဆိပ်ဖူးကုန်း​ကျေးရွာရှိ ဦးမြင့်​ဇော်ဦး၏ ယာ​မြေတစ်ဧကတွင် ကျင်းပသည်။