သတင်းများ

ကျိုင်းလပ်မြို့ အခြေခံပညာမူလတန်းကျောင်း(ကျဘိုခမ်း)၌ ဌာနဆိုင်ရာများစုပေါင်း၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်
Jun 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ကျခမ်းကျောက်အုပ်စု၊ ကျဘိုခမ်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာများက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှု
Jun 12,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်
Jun 12,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား မော်တော် ယာဉ် နည်းဥပဒေ/ ဥပဒေပါသတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ဇွန်လ ၁၁ ရက်နေ့ ညနေ ၃ နာရီက မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရားကြီးဝန်းနှင့် ဘုရင့်နောင်ဈေး မီးပွိုင့်လမ်းဆုံတို့၌ ဆောင်ရွက်သည်။          
မိုင်းပျဉ်း အ.ထ.ကတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ရှင်းလင်းပွဲကျင်းပ
Jun 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်း၏ နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ချယ်ရီမြေလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင်ကြရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်း​ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှထုတ်ဝေသည့် ချယ်ရီမြေလက်ကမ်းစာစောင်များအား ယ​​နေ့ နံနက် ၉ နာရီခွဲအချိန်က ဖြန့်ဝေခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီ တောင်ဘက်ပိုင်းရပ်ကွက် အ.မ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်နှင့် မြို့နယ်များရှိ ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်း
Jun 12,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်နှင့် မြို့နယ်များရှိ ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ ခုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်၍ စပါးနှင့် အခြားသီးနှံများပျက်စီးခဲ့သော တောင်သူများကို ထောက်ပံ့ငွေများ ပေးအပ်
Jun 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ က‌လောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း‌ကြောင့် ရေကြီးနစ်မြုပ်ခဲ့၍ စပါးနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။