သတင်းများ

မန္တလေးတွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကလေးအလုပ်သမားဆိုင်ရာ အသိပညာဆွေးနွေးပွဲ ကျင်းပ
Jun 12,2025
ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မန္တလေးခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်  အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းမိတ်ဆက် ရှင်းလင်းပွဲကျင်းပ
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးဆောင်၍ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် အ.မ.က မဟာသုခကျောင်း၌ စာဖတ်ရှိန်မြင့်မား‌ရေး အသိပညာပေးဟောပြော
Jun 12,2025
ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်၊ ယဉ်ကျေးလိမ္မာပြီး အသိတရားများတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၀ ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အ.မ.က မဟာသုခကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ငလျင်ဘေးသင့်ကျောင်းသား/ကျောင်းသူများအား Rotary Club အဖွဲ့မှ ကျောပိုးအိတ်နှင့် စာရေးကိရိယာများ လှူဒါန်း
Jun 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငလျင်ဘေးသင့်သော အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ‌Grade-1၊ Grade-2 ကျောင်းသား/ကျောင်းသူများအား ဒေါ်စန္ဒီ ဦးဆောင်သော Rotary Club အဖွဲ့မှ ကျောပိုးအိတ်နှင့်စာရေးကိရိယာများကို ယနေ့နံနက် (၉) နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jun 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား  ယနေ့ နံနက် (၉)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီများနှင့် ဘုန်းကြီးကျောင်းများ ပြန်လည်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများ ရှေးမှုမပျက်ပြန်လည်မွမ်းမံထိန်းသိမ်းခြင်းနှင့် တည်ဆောက်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာ၊ အတတ်ပညာများမြင့်မားပြီး အတွေးအခေါ်အယူအဆများ မှန်ကန်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန် ၁၀ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာ‌အောင် သံဃာစူဠဘွဲ့နှင်းသဘင် ပူ‌ဇော်ပွဲ အခမ်းအနားကျင်းပ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာအောင် သံဃာစူဠဘွဲ့နှင်းသဘင် ပူ‌ဇော်ပွဲအခမ်းအနားကို ကျောက်တန်းမြို့နယ် ရွှေမှော်၀န်း သာသနာ့ဗိမာန်တော်ကြီး၌ ဇွန်လ ၁၀ ရက်နေ့နံနက်က ကျင်းပခဲ့ကြောင်းသိရသည်။