သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာအောင်မြေမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် စာဖြေဌာနများ ပြင်ဆင်ထားရှိမှုနှင့် သန့်ရှင်း‌ရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Jun 12,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အေးချမ်းစွာ​​ဖြေဆိုနိုင်‌ရေးအတွက် စာ‌ဖြေဌာနများပြင်ဆင်ထားရှိမှုနှင့် သန့်ရှင်းရေးဆောင်ရွက်‌နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခတ်ခြင်းလုပ်ငန်း ဆောင်ရွက်
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခတ်ခြင်းကို ဇွန်လ (၁၀) ရက်နေ့နံနက် (၉) နာရီအချိန်က ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် ဆောင်ရွက်‌ပေးခဲ့​ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်း
Jun 12,2025
ဇွန်လ (၁၅)  ရက်နေ့တွင် ကျရောက်မည့်   နှစ် (၃၀) ပြည့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသွေးလှူဒါန်းပွဲကို  အမှတ်(၄) ရပ်ကွက်၊  ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် စုပေါင်းဆောင်ရွက်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် ၃၀ ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
Jun 12,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ မန်းတောင်ရိပ် ၉ ထပ်ဆောင်၊ ဘက်စုံသုံးခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် ၃၀ ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲသည်။
ကော့မှူးမြို့နယ် မူလွန်(ပတုပ်)ကျောင်း၌ စာဖတ်ရှိန်မြင့်မား‌ရေး အသိပညာပေးဟောပြော
Jun 12,2025
ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၉ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက်၊ မူလွန် (ပတုပ်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား မုံရွာမြို့တွင် ကျင်းပ
Jun 12,2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ ‌အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့ နံနက် (၉) နာရီခွဲက မုံရွာမြို့ ပြည်သူ့ဆေးရုံးကြီးရှိ သွေလှူဘဏ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်၌ ကြဲခင်းစနစ်ပ‌ပျောက်စေရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ပြုလုပ်
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စုတွင် ကြဲခင်းစနစ်ပ‌ပျောက်စေရေးနှင့် အထွက်နှုန်းတိုးတက်စေရေး Drum Seeder ဖြင့် မိုးစပါး မျိုးစေ့ချစိုက်ပျိုးခြင်းအား၊ တောင်သူဦး‌ဇော်ဝင်း၏ ဦးပိုင်အမှတ် ၁/၄ ၊ ကွင်းအမှတ်၁၃၈၃၊ စိုက်ဧက (၃.၈၉) ဧက တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမင်းဇင်နိုင်နှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ တောင်သူများ တက်ရောက်ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေးခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၏ စီစဉ်မှုဖြင့် ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေးခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။