သတင်းများ

လဲချားမြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ချယ်ရီမြေ လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင် ကြရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်း​ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် ချယ်ရီမြေလက်ကမ်းစာစောင်များအား ယ​​နေ့နံနက် ၁၀ နာရီခွဲအချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သုံးခွမြို့ အထက(၂)တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ (၁၀) ရက်နေ့ နံနက် ၁၀ နာရီခွဲက အထက (၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ဇွန်လ၁၀ရက်နေ့မွန်းလွဲ၁နာရီက ကျောင်းသစ်ကျောင်း လောကမာရဇိန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
သံဖြူဇရပ်၌ ၂၀၂၄ ခုနှစ် အစိုးရ ပါဠိပထမပြန်စာ​မေးပွဲတွင် စာ​အောင်သံဃာ​တော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ
Jun 12,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ နန္ဒဝန်ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သံဖြူဇရပ်မြို့နယ် စာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသောစာဖြေသံဃာတော်များ၏ စူဠဘွဲ့နှင်းသဘင် ဆု‌ပေးပွဲအခမ်းအနားကို ယမန်​နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကရသူရိမြို့၊ အေးမြသာယာကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်
Jun 12,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့၊ ကော့ဗမာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ၌ ကျောက်ထနောင်းတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပညာသီရီအောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း တိုက်၌ ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်လျင်ခရိုင်နှင့် မြို့နယ်များ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jun 12,2025
သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ (၆/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Jun 12,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ နံနက် ၁၁ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ ၈၅၃ ဧက စိုက်ပျိုးမည်
Jun 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ ၈၅၃ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။