ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

ပဲခူး   ဇွန်  ၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးလျက်ရှိပြီး KG နှင့် မူလတန်းကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်တံခါးမြို့နယ်ရှိ အထက်တန်းကျောင်း (၁၁) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ခြောက်ကျောင်း၊ အလယ်တန်းကျောင်း (၁၅) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၃၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၉၅) ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) ခုနှစ်ကျောင်း၊ စုစုပေါင်း (၁၈၂) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၅၀၀၄၄) ဦး၊ ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်း (ခွဲ)ကျောင်း (၉) ကျောင်း၊ အလယ်တန်းကျောင်း (၁၁) ကျောင်း၊ အလယ်တန်း (ခွဲ)ကျောင်း (၂၃) ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၅၅) ကျောင်း၊ မူလတန်းကျောင်း (၁၀၃) ကျောင်း၊ မူလတန်းခွဲ(၉) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၂၁၈) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂)ကျောင်း၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၊ အထက်တန်း (ခွဲ)ကျောင်း (၅) ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အလယ်တန်း (ခွဲ)ကျောင်း (၃) ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၁၀)ကျောင်း၊ မူလတန်းကျောင်း(၁၆၀)ကျောင်း၊ မူလတန်းခွဲ (၃) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၉၄) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂) ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်းတို့၌ ယမန်နေ့အထိ KG တန်းမှ G-12 တန်းတို့တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၈၂၅) ဦး၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၉၅) ဦး၊ ပေါင်းတည်မြို့အတွင်းရှိ မူလတန်းအဆင့် (၉၁၇၀) ဦး၊ အလယ်တန်းအဆင့် (၃၆၈၈) ဦး၊ အထက်တန်းအဆင့် (၁၀၇၉) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၃၉၃၇) ဦး၊ အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း (၁၃၇) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၃) ကျောင်း၊ စုစုပေါင်း (၁၄၀) မှ ကျောင်းသား/သူပေါင်း (၃၀၃၄၆) ဦး၊ ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း (၁၂)ကျောင်း၊ အထက်တန်း (ခွဲ)(၆) ကျောင်း၊ အထက်တန်းတွဲ(၅)ကျောင်း၊ အလယ်တန်း(၂၀)ကျောင်း၊ အလယ်တန်း (ခွဲ)(၄၈) ကျောင်း၊ မူလတန်း(လွန်)(၁၄၀)ကျောင်း၊ မူလတန်း(၂၃)ကျောင်း၊ မူလတန်းခွဲ(၁၃) ကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၇၃၉၈) ဦး၊ တောင်ငူမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၆၀၄၂၃)ဦး၊ ဒိုက်ဦးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၊ ထန်းတပင်၊ အုတ်ဖို၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ မင်းလှမြို့နယ်၊ နတ်တလင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဝေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၈) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၃၇၇၅၉) ဦး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၇၁) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄) ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ (၁၅၀၉၄)ဦး၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၀၄) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄) ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ (၉၈၆၃) ဦး၊ မိုးညိုမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၆၆) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၁၂၆၁) ဦး၊ သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၂) ကျောင်း၊ အထက်တန်းကျောင်းခွဲ(၂) ကျောင်း၊ အလယ်တန်းကျောင်း(၁) ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၄) ကျောင်း၊ မူလတန်းလွန်(၁၈) ကျောင်း၊ မူလတန်းကျောင်း(၁) ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ (၅၇၃၉) ဦးတို့ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများအားလုံး ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်လ ၁ ရက်နေ့တွင်လည်း ကျောင်းများအလိုက်၊ အတန်းစဉ်အလိုက် သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးလျက်ရှိသည်။ အလားတူ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး လိုအပ်သည်များ စစ်ဆေးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။