သတင်းများ

လွိုင်လင်မြို့၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jun 11,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်- ၂၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဘီးလင်းမြို့၊ အ.ထ.က(ခွဲ)နှင်းပုလဲကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Jun 11,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်း က အ.ထ.က(ခွဲ)နှင်းပုလဲကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
မုံရွာမြို့၌ အမျိုးသမီးများ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာရောဂါများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 11,2025
စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ကကြီးမှူး၍ “အမျိုးသမီးများ မျိုးပွားအင်္ဂါဆိုင်ရာ ကင်ဆာရောဂါ၊ ရင်သားကင်ဆာ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါများ ကာကွယ်တားဆီးနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများနှင့် GENDER, CEDAW, NSPAW အကြောင်း သိကောင်းစရာများ”ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂ )၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၌ ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Jun 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း၌ ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မိုးရာသီအတွင်း ဖြစ်ပွားတတ်သော ရောဂါများအကြောင်းနှင့် တိုင်းရင်းဆေးအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် တိုင်းရင်းဆေးအသိပညာပေးခြင်းနှင့် မိုးရာသီအတွင်း ဖြစ်ပွားတတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ ၌ အမှတ်(၈)ရပ်ကွက် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ အခြားတိုင်းဒေသကြီးသို့ ဒေးဒရဲတံတားမှတစ်ဆင့် ခရီးသွားလာလျက်ရှိသည့် ပြည်သူများ လုံခြုံအေးချမ်းစွာ ခရီးသွားလာနိုင်စေရေးနှင့် လိုင်စင်မဲ့ယာဥ်များ စီးနင်းသုံးစွဲမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဒေးဒရဲတံတားလမ်းတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Jun 11,2025
အလုံမြို့နယ်၌ ကျန်းမာ​ရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သစ်တောရပ်ကွက်ရှိ အလုံမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသထွက် ကြက်မောက်သီးများစတင်ထွက်ရှိ၍ ဈေးကောင်းရရှိ
Jun 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ဒေသခံပြည်သူများသည် နှစ်တို၊ နှစ်ရှည်ပင်များကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ယခုအခါ ဒေသထွက်ကြက်မောက်သီးများ စတင်ထွက်ရှိနေပြီး ဈေးကောင်းရရှိလျက်ရှိသည်။