စေတုတ္တရာ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းသင်တန်းအခမ်းအနားကို မြို့နယ်ပညာရေးမှုးရုံး၌ ယမန်နေ့နံနက် ၉နာရီက ဖွင့်လှစ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ဦးစီးဌာန ဒေါက်တာ မျိုးကိုကိုဇင်မှ စေတုတ္တရာမြို့နယ်အတွင်းမှာရှိတဲ ကျောင်းသား၊ကျောင်းသူလေးတွေဟာ နိုင်ငံတော်ရဲ့အနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြပါတယ်။ ကျောင်းသားတစ်ယောက်အတွက် ပညာသင်ကြားခြင်းနဲ့အတူ အရေးကြီးဆုံးကတော့ ကျန်းမာကြံ့ခိုင်ခြင်းပဲဖြစ်ပါတယ်။ ကျန်းမာရေးအဆင့်မြှင့်ကျောင်းဆိုတဲ့ရည်ရွယ်ချက်က ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင်ထားရှိခြင်း၊ ကူးစက်ရောဂါများကင်းစင်အောင်ကာကွယ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားခြင်းနဲ့ အာဟာရပြည့်ဝတဲ့အစားအစာများကို ရွေးချယ်စားသောက်တတ်ဖို့ လေ့ကျင့်ပေးခြင်းစတဲ့အချက်တွေကို အဓိကထားဆောင်ရွက်ဖို့ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှုး ဒေါ်ကျော့မေခိုင်က ယခုလို သင်တန်းကို ကျင်းပပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းအသီးသီးမှာရှိတဲ့ ဆရာ၊ဆရာမများက ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းတွေကို ကျောင်းသားလေးများထံသို့ လက်ဆင့်ကမ်းပြီး ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဆရာ၊ ဆရာမများဟာ ကျောင်းသားလေးတွေရဲ့ ဒုတိယမိဘတွေဖြစ်တာနဲ့အညီ ကျောင်းတွင်း ကျန်းမာရေးကဏ္ဍကို ပိုမိုမြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ထို့ကြောင့် ဆရာ၊ ဆရာမများအနေနဲ့ ဒီသင်တန်းမှာ ဆွေးနွေးပို့ချမည့် အချက်အလက်များကို ဂရုတစိုက်မှတ်သားပြီး မိမိတို့ကျောင်းမှာ လက်တွေ့အသုံးချသွားကြဖို့ တိုက်တွန်းလိုပါတယ်ဟုပြောကြေားရင်း အခမ်းနားကိုပိတ်သိမ်းကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)