၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ က အဆိုပါတောင်ကြီးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ရာ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ရှမ်းပြည်နယ် အားကစားနှင့်ကာယဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။