သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားနှင့် နဝမအကြိမ် မွန်ပြည်နယ်၊ ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ပထမအကြိမ်အစည်းအဝေးတက်ရောက်
Jun 28,2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့က အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်
Jun 28,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ ပညာရေးကဏ္ဍနှောင့်နှေးမှုမရှိစေရေးနှင့် အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ယူနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့က အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေ၊ အခြေခံစားသောက် ကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ချီးမြှင့်ပေးအပ်ပွဲကို လွိုင်ကော်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
လွိုင်ကော်မြို့ စိမ်းလန်းစိုပြည်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 28,2025
ပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့အား ပြည်နယ်၏မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆင်ယင်ရှုမဝ သုံးရာသီအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲသို့ တက်ရောက်
Jun 28,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသော ဆင်ယင်ရှုမဝ သုံးရာသီအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲကို ဇွန်လ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ကျင်းပရာ ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှုး၏ဇနီး ဒေါ်ခင်မျိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jun 28,2025
ရန်ကုန်တိုင်းဒေသကြီး (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားများကို ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ကော့သောင်းမြို့တွင် လယ်  ၄၆ ဧကအတွက် မျိုးစပါး/သွင်းအားစုများ ပေးအပ် 
Jun 27,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍ ရွှေဝါထွန်းဘက်စုံစိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းလီမိတက်မှအသင်းသားတောင်သူ ကိုးဦး၏ လယ်(၄၆)ဧကအတွက် မျိုးစပါး/သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာနိုင်ငံဂီတနေ့အခမ်းအနားတက်ရောက်
Jun 27,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာနိုင်ငံဂီတနေ့ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 27,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင် သုဝဏ္ဏ(၄)ထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။