ကော့သောင်း ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု ပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍ ရွှေဝါထွန်းဘက်စုံစိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းလီမိတက်မှအသင်းသားတောင်သူ ကိုးဦး၏ လယ်(၄၆)ဧကအတွက် မျိုးစပါး/သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ကော့သောင်းမြို့နယ် အနေဖြင့် စိုက်ဧကနည်းပါးသော်လည်း စိုက်တောင်သူများ ဝင်ငွေတိုးရရှိစေရန်အတွက် မိုးစပါးအပြင် နွေစပါး၊ ဆောင်းသီးနှံ (မတ်ပဲ)တို့ကိုလည်း စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်တိုးမျိုးစပါးနှင့် ဓာတ်မြေဩဇာများ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုတွင်မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် တောင်သူကိုးဦး၏ စိုက်ဧရိယာ ၄၆)ဧကအတွက် မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရန် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကော့သောင်းမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းအောင်က မိုးစပါးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရွှေဝါထွန်းဘက်စုံစိုက်ပျိုးမွေးမြူရေးသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူကိုးဦး၏ လယ်၄၆ဧကအတွက် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် မျိုးစပါး/သွင်းအားစု မတည်ရင်းနှီး ငွေကျပ် ၉၂ သိန်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)