သတင်းများ

ကျောက်ကြီးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့်မဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ
May 21,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တု အဝိုင်းအနီးတွင် မြို့နယ်ပညာရေးမှူး ရုံးက ဦးဆောင်ပြီး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့်မဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့ ဆိုင်းဘုတ်အား ယမန်နေ့နံနက် ၉ နာရီတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် သွေးလွန်တုပ်ကွေး​ ရောဂါကာကွယ်​ရေးအတွက် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ​ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် ကွင်းဆင်းဆောင်ရွက်
May 21,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများအား မြေပြင်ကွင်းဆင်း လိုက်လံဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းမှစ၍ ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
ငဖဲမြို့နယ်တွင် ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေ သုံးစွဲနိုင်ရေးအတွက် အဝီစီရေတွင်း (၄၁) တွင်းကို ကလိုရင်းဆေးခတ်ပေး
May 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မေလ ၁၃ ရက်နေ့က မိုခါဆိုင်ကလုန်းမုန်တိုင်း အရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံကာ ဒေသခံတောင်သူများ သုံးစွဲလျက်ရှိသည့် အဝီစီရေတွင်းများအတွင်းသို့ တောင်ကျချောင်းရေများဝင်ရောက်ခဲ့သည့်အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါများမဖြစ်ပွားစေရန် ရည်ရွယ်၍ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက  ကျေးရွာများသို့သွားရောက်၍ အဝီစီရေတွင်း(၄၁)တွင်းကို ကလိုရင်း( Chlorination) ဆေးများ ခတ်ပေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမများပေါ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်
May 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ညနေ ၅နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမများပေါ်တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
မြန်အောင်မြို့ဂိုဏ်းပေါင်းစုံ သံဃနာယကဆရာတော်ကြီးများ စုပေါင်း၍ လေဘေးကယ်ဆယ်ရေး၌ ထိခိုက်ဒဏ်ရာရရှိခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေချီးမြှင့်ပေးအပ်
May 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းကျိုးကျခြင်းများအား လမ်းပိတ်ဆို့မှုမဖြစ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းခုတ်ထွင်ရှင်းလင်းစဥ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယမန်နေ့နံနက်က မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းတိုက်၌ မြန်အောင်မြို့ဂိုဏ်းပေါင်းစုံ သံဃနာယက ဆရာတော်ကြီးများက စုပေါင်း၍ ဝတ္ထုငွေထောက်ပံ့ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပသည်။
ကျိုက်လတ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများပြုလုပ်
May 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျိုက်လတ်မြို့ပေါ်ရှိ အမှတ် (၁)နှင့် အမှတ်(၂)ရပ်ကွက်တို့တွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်ချစ်နိုင်(စိတ်ပညာ)၏"အောင်ပွဲခံသူဖြစ်ပါစေ"စာအုပ် စာဖတ်ဝိုင်းကျင်းပ
May 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ယမန်နေ့နံနက်(၁၀)နာရီက စာအုပ် စာစောင်ချစ်မြတ်နိုး သူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏" အောင်ပွဲခံသူဖြစ်ပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
တပ်ကုန်းမြို့၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း ဒုတိယနေ့ ဆက်လက်သင်ကြား
May 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ခွဲ) တပ်ကုန်းမြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံ သင်တန်း(၃/၂၀၂၃)ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။