တာမိုးညဲမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆောင်ရွက် 

တာမိုးညဲ  ဇူလိုင် ၁၉     

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥသြဆွဲ အချက်ပေးသည့် အချိန်တွင်  တာမိုးညဲမြို့ရှိ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ယာဉ်မောင်းများ၊ သွားလာနေသည့် မော်တော်ဆိုင်ကယ် များ၊ ခေတ္တရပ်ပြီး ဟွန်းတီးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ ဆောင်ရွက်မှုတွင် တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြိုအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးနှင့် ဝန်ထမ်းများ၊ တာမိုးညဲ နယ်မြေရဲစခန်းနှင့် နယ်မြေမီးသတ်စခန်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

တာမိုးညဲ (ပြန်/ဆက်)