လွိုင်လင် ဇူလိုင် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးဦးစိန်မောင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။
အစီအစဉ်အရ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဒေါ်သိန်းသန်းဌေးက အာဇာနည်စိတ်ဓါတ်ကိန်းအောင်းစေချင် ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောပေးခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့်အပြန်အလှန်ဆွေးနွေးခဲ့သည်။
ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောအသိပညာပေးစာအုပ်၊ စာစောင်များအားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)