ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးအသစ် တည်ဆောက်ရေးလုပ်ငန်းများ၊ ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သာသနိကအဆောက်အဦ ပြုပြင်နေမှုများ၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ လွိုင်ကော်- လောပိတလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေနီကန်ကျေးရွာနှင့် သတ္တပလူကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။