လွိုင်ကော် မေ ၆
ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဓာတ်ခွဲကျွမ်းကျင်-၄ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်က ခုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ကယားပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးရှေးရှု၍ ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးသည့်သင်တန်းဖြစ်ကြောင်း၊ ပြည်နယ်၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ အလွန်အရေးကြီးသော အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသော စာတွေ့လက်တွေ့လုပ်ငန်းများအား သေချာလေ့လာဆည်းပူးပြီး သိပ္ပံနည်းကျ၊ တိကျမှန်ကန်သော အဆင့်မြင့်ဓာတ်ခွဲစစ်ဆေးခြင်းများဖြင့် မိမိတို့ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အောင်မြင်ရေး ဆောင်ရွက်ပေးသွားကြပါရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစည်သူက သင်းတန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသာ(၄)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၈)လ ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ကိုတွက် (ပြန်/ဆက်)