(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

လွိုင်ကော် မေ ၆

(၇၉) နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ အခမ်းအနားအားမစတင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်ကဖြစ်ပွားခဲ့သော အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးသွားသူများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ခေတ်အဆက်ဆက် ထမ်းဆောင်နေကြသူများဖြစ်ပါကြောင်း၊ မီးသတ်လုပ်ငန်း၏သဘောသဘာဝသည် အန္တရာယ်များသည် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ကျွမ်းကျင်ပိုင်နိုင်မှုရှိရန် အလွန်အရေးကြီးပြီး လေ့ကျင့်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့အား Men Power  Equipment Power နှင့် Technological Power များဖြင့် ဟန်ချက်ညီညီတည်ဆောက်သွားကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်တပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်ပေးအပ်လျက်ရှိပြီး ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်း ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များကို ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ထူးဆောင်လက်မှတ်များကို ချီးမြှင့်ပေးလျက်ရှိကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဌာန၏ရည်မှန်းချက်တာဝန်()ရပ်အား အောင်မြင်အောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် Video Clip  ပြသမှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ၊ အရာရှိအဆင့်ကျင့်ဝတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအားလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက အကြပ်အဆင့် ကျင့်ဝတ်ပြိုင်ပွဲဆုရရှိသူများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တပ်သားအဆင့် ကျင့်ဝတ်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ရာ တာဝန်ရှိသူများနှင့် ဆုရရှိကြသည့် တပ်ဖွဲ့ဝင်အသီးသီးက လက်ခံရယူခဲ့ကြသည်။

တပ်ဖွဲ့ဝင်များ စွမ်းရည်လက်တွေ့ပြသခြင်းကို ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသား၊ အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးသတ်စက်ကလေး စွမ်းရည်ပြိုင်ပွဲ၊ ကြိုးဆင်း/ကြိုးကူးစွမ်းရည်သရုပ်ပြသမှုများ၊ ဆီသိုလှောင်ကန်မီးလောင်မှုအား Luf Micro မီးသတ်စက်ဖြင့် မီးငြှိမ်းသတ်ခြင်းသရုပ်ပြသမှုနှင့် ယာဉ်တိုက်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများကို ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများအသုံးပြု၍ ကယ်ဆယ်ခြင်းနှင့် မောင်းနှင်၍မရတော့သည် မော်တော်ယာဉ်အား သယ်ဆောင်မှုသရုပ်ပြသခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စွမ်းရည်သရုပ်ပြသခဲ့သော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မီးသတ်စက်ကလေး စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၇၉)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးသတ်ပြခန်း၌ ရေပြင်ကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)