၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်တွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်နယ်တွင်း လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။