ကယားပြည်နယ်

ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ခရိုင်စစ်ဆေးရေးကြီးကြပ်အဖွဲ့များ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay At Home) အစီအစဉ်တွင် ဩဂုတ် ၂၅ ရက်နေ့မှစ၍ အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားပြီဖြစ်သဖြင့် မြို့နယ်တွင်းနေထိုင်သူ ပြည်သူများ စည်းကမ်းတကျ နေထိုင်သွားရန် ခရိုင်အဆင့် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီတွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအာ လူမှုရေးပင်စင် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ(၃)လပတ် လူမှုရေးပင်စင်များကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။

ကယားပြည်နယ်၀န်ကြီးချုပ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင်စက်မှ အောက်ဆီဂျင်ထုတ်လုပ်နေမှု အခြေအနေအား သွားရောက် စစ်ဆေးကြည့်ရှု

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့၏ လှူဒါန်း ထောက်ပံ့ငွေဖြင့် လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးတွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက် 25 m3/h မှ တစ်နေ့လျှင်အောက်ဆီဂျင် လီတာ (၄၀) အိုး ၊ အလုံး (၁၀၀) ထုတ်လုပ်နေမှု အခြေအနေအား ယနေ့ နံနက် ၉ နာရီ အချိန်က သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။

လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင် နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန် များ ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိ ပြီး ယနေ့နံနက် ၈ နာရီတွင် လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ကြောင်း သိရသည်။

ရွာသစ်မြို့၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အား နိုင်ငံတော်က ထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ငွေ များကို ယနေ့ နံနက်ပိုင်းက ရပ်/ကျေး စီမံအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဖား​ဆောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် သွားလာခြင်း ရှိ/မရှိ စစ်​ဆေးခြင်းနှင့် ပိုးသတ်​ဆေးဖျန်းခြင်းများဆောင်ရွက်​

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများ စားဝတ်​နေ​ရေး​ ပြေလည်​စေရန်၊ ကုန်စည်စီးဆင်းမှုများ ပြတ်လပ်မှု မရှိ​စေရန်နှင့် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှုများကို ထိ​ရောက်စွာ ကာကွယ်နိုင်​စေရန် ရည်ရွယ်၍ ယ​နေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ဝင်ထွက်သွားလာသည့် ယာဉ်များအား ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ သွားလာခြင်း ရှိ/မရှိ စစ်​ဆေးခြင်း၊ ပိုးသတ်​ဆေးဖျန်းခြင်းများ ​ဆောင်ရွက်​ပေးခဲ့​ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ခရိုင်စစ်ဆေးရေးကြီးကြပ်အဖွဲ့များ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ဓါတ်ခွဲအတည်ပြု လူနာများတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး(Stay At Home) အစီအစဉ်တွင် ဩဂုတ် ၂၅ ရက်နေ့မှစ၍ အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားပြီဖြစ်သဖြင့် မြို့နယ်တွင်း နေထိုင်သူ ပြည်သူများစည်းကမ်းတကျ နေထိုင်သွားရန် ခရိုင်အဆင့် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီတွင် ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများပိုမိုသိရှိနိုင်ရေး အသိပေးနှိုး ဆော်မှုများ ဆက်လက်ဆောင်ရွက်

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများပိုမို သိရှိလိုက်နာနိုင်ရေး အသိပေးနှိုး ဆော်မှုများအား ရပ်ကွက်များ ၊ လမ်းဆုံလမ်းခွများနှင့် လူစည် ကားရာနေရာများတွင် အသံချဲ့စက်များ ၊ လက်ကိုင်စကားပြောအ သံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည် ပင် သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၅၉)ဦးအား လူမှု​ရေးပင်စင်​ထောက်ပံ့

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာ ချထား​ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ် တတိယ သုံးလပတ်အတွက် လူမှု​ရေးပင်စင်​ထောက်ပံ့ခြင်းကို စက်တင်ဘာလ ၉ ရက်​နေ့က ရပ်ကွက်နှင့် ​ကျေးရွာများအ​ရောက် သွား​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်