ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြ်ု့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့က လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ကျင်းပခဲ့ သည်။

လွိုင်ကော်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၂၆) ဦးရှိပြီး ယနေ့ထိ ဆေးရုံ ဆင်းခွင့်ရသူ (၄,၈၉၈)ဦးရှိကာ ယနေ့သေဆုံးလူနာ (၁)ရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၄) ရက် နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၇၄) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၂၆) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂၆)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၆) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၁)ဦး၊ ဘောလခဲမြို့နယ် ဆေးရုံတွင်(၃)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၅)ဦး၊ ဖားဆောင်းမြို့နယ် (PMC)များတွင် (၄)ဦး ၊ရှား​တောမြို့နယ်ရှိ (PMC)များတွင် (၆)ဦး နှင့်ဖားဆောင်းမြို့နယ်ဆေးရုံတွင်(၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၆၃) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၆၃၆)ဦး ရှိကာ ယနေ့သေဆုံးလူနာမရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၁)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၄၄၁) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၆၃) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၆၃) ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၆) ဦး၊ ဘောလခဲမြို့နယ် ဆေးရုံတွင်(၁)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၅)ဦး၊ ဖားဆောင်းမြို့နယ် (PMC)များတွင်(၅)ဦး၊ ရှား​တောမြို့နယ်ရှိ (PMC)များ တွင် (၄၃)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၁)ဦးနှင့် မယ်စဲ့မြို့နယ်​ဆေးရုံတွင်(၅)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ဖားဆောင်းမြို့နယ် ​​​​ပါပု​ကျေးရွာသို့ ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်​​ရေး အသိပညာ​ပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ​​​​ပါပု​​​ကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ထိုးနှံ​ရေးနှင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်​​၍ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယ​​နေ့​ နေ့လယ်(၁၁)နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံနှိုး​ဆော်ခြင်းဆောင်ရွက်ခဲ့ သည်။

ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​​ရောဂါ အတည်ပြုလူနာ(၁၆)ဦး ထပ်မံ​တွေ့ရှိ

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အမြန် ဆုံး ​လျော့ချနိုင်​ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါပိုးကူးစက်ခံရမှုရှိမရှိ( အခမဲ့) ဆက်လက် စစ်​ဆေး​ပေးခြင်းကို ​​ယ​နေ့နံနက်(၈)နာရီ အချိန်တွင် စတင်၍ ဖား​ဆောင်းမြို့​​​​​​ပါပု​ကျေးရွာသို့ မိုဘိုင်း​ရွေ့လျားသွား​ရောက်ကာ အဆိုပါ​ကျေးရွာတွင် ​နေထိုင်သည့် ပြည်သူများအား RDT Tesk kit ဖြင့် ကျန်းမာ​ရေးဦးစီးဌာနနှင့် တာဝန်ရှိသူက (အခမဲ့) စစ်​ဆေး​ပေးခဲ့​ကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန်ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၂၂) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့် ရသူ (၄၄၆၁)ဦး

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၈)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၄၅၄) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၂) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ ပိုးတွေ့လူနာသစ် (၂၂)ဦးရှိရာ ၎င်းပိုးတွေ့လူနာ များအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၈) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များ တွင် (၁)ဦး ၊ ဘောလခဲမြို့နယ် ဆေးရုံတွင် (၃)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင်(၄)ဦး၊ မယ်စဲ့​မြို့နယ်ဆေးရုံတွင် (၂)ဦးနှင့် ဖားဆောင်းမြို့နယ်ရှိ (PMC)များ တွင်(၄)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁) ကျင်းပ

ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယား ပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးစိန်ဦး၊ ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲ ရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအံ့မော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေများ ထုတ်ချေးပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က ဟိုဖကျေးရွာသို့ စီမံကိန်းရန်ပုံငွေများကို သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်