ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၀၃)ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၅)ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂၅)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၇)ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၂)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၇)ဦး၊ ရှားတောမြို့နယ်ရှိ (PMC)များတွင် (၇)ဦး ထားရှိ ကုသပေးလျက်ရှိကြောင်း သိရသည်။