မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မယ်စဲ့   ဇန်နဝါရီ  ၂၄

ကယားပြည်နယ်၊ ဘေလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ က မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)နှင့်ပတ်သက်၍ အလွန်စိုးရိမ်ထိတ်လန့်ခြင်းမပြုဘဲ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်၊ အလှည့်ကျရရှိလာသည့် ကာကွယ်ဆေး မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူဖြင်း အပါအဝင်ရိုးရှင်းသည့် အခြေခံ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို ကိုယ်စီဆက်လက်လိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)