ကယားပြည်နယ်

မယ်စဲ့မြို့နယ်၌ မိုးစပါး ၁၄၄၁ ဧကခန့် စိုက်ပျိုးပြီးစီး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြေအောက်ရေ၊ ချောင်းရေတို့ဖြင့် မိုးစပါး ၁၄၄၁ ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်း ထံမှ သိရသည်။

မယ်စဲ့မြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို စက်တင်ဘာ ၇ ရက်က ရပ်ကွက်နှင့် ကျေးရွာများ အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကျေးရွာနှစ်ရွာ၌ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဟိုဂျစ်ကျေးရွာနှင့် လယ်တောကျေးရွာတို့တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရေးကို ဆောင်ရွက်ပေး လျက်ရှိရာ စက်တင်ဘာ ၆ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘောလခဲမြို့မစျေးရှေ့တွင် စျေးသူဈေးသားအားလုံး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ထိန်းချုပ်နိုင်ရန် RDT Test Kit ဖြင့် အခမဲ့စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ စျေးသူဈေးသားများနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့ နံနက်(၈း၀၀)အချိန်က မြို့မစျေးရှေ့ လမ်းသွယ်တွင် RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။

ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း (၂၀၅) ကျောင်းအား ဆွမ်းနှင့် ဆွမ်းဟင်းလျာများအတွက် အလှူတော်ငွေများပေးအပ်လှူဒါန်း

ကယားပြည်နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင် ကျောင်းစုစုပေါင်း (၂၀၅)ကျောင်းရှိဆရာတော် ၊သံဃာတော်များနှင့်သီလရှင်များအား ကယားပြည်နယ် အစိုးရအဖွဲ့မှ ဆန် ၊ ဆီ ၊ ဆား ၊ ပဲ နှင့် ဆွမ်းဟင်းလျာများ အတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်း ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။  

ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ သတ်မှတ်ထားသည့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

လွိုင်ကော်မြို့နယ် ထေးဌားလျားကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး ၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက် ရှိပြီး ယနေ့နံနက် ၈ နာရီတွင် လွိုင်ကော်မြို့ ၊ ထေးဌားလျားကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ကြောင်းသိရသည်။

ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ကျန်ရှိသော ပြည်သူများ အား ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသော ပြည်သူများအား ဆက်လက်ထိုးနှံ ပေးခြင်းကို ယနေ့နံနက်တွင် ဆောင်ရွက်ခဲ့သည်။

မော်ချီး​ဒေသရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် Volunteer များအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ​မော်ချီး​ဒေသတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ Volunteer များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီ အချိန်က ​မော်ချီး​ဒေသလိုခါးလို​ကျေးရွာခန်းမ​ဆောင်နှင့် ​မော်ချီး​အောက်ရွာရှိ ​​ကျေးလက်​ဆေး​ပေးခန်းတို့ တွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်