မယ်စဲ့ မတ် ၇
ကယားပြည်နယ်၊ ဘေလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)နှင့် ပတ်သက်၍ အလွန်စိုးရိမ်ထိတ်လန့်ခြင်းမပြုဘဲ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်၊ အလှည့်ကျရရှိလာသည့် ကာကွယ်ဆေး မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်းအပါအဝင် ရိုးရှင်းသည့် အခြေခံကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများကို ကိုယ်စီဆက်လက်လိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)