ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဘောလခဲ  မတ်  ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ​ဘောလခဲ မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘောလခဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က၊​မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအ​ဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘောလခဲမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပေးအပ်ပွဲတွင် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဘောလခဲမြို့နယ်အတွင်း ကျေးရွာအုပ်စုနှင့် ရွာသစ်မြို့အတွင်းရှိ မိဘပြည်သူ ကျား (၈၀)ဦး၊ မ(၉၇)ဦး စုစုပေါင်း (၁၇၇)ဦးကို ဆောင်ရွက်ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်မှူး ဦးစောငြိမ်းသောင်းထံမှ သိရှိရသည်။

ဇင်မာထွန်း