ပန်းခင်းစီမံချက်ဖြင့် ​ဆောင်ရွက်သည့် အိမ်​ထောင်စု လူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေး ကတ်ပြား​ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဖား​ဆောင်း မတ် ၆

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဖား​ဆောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ​ဆောင်ရွက်ခဲ့သည့် အိမ်​ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသား စိစစ်​ရေးကတ်ပြားများ ​ပေးအပ်ပွဲကို ယမန်​နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဝန်ကြီးဌာန၊ ဖား​ဆောင်းမြို့နယ် ဦးစီမှူးရုံးခန်းမ၌ ကျင်းပကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်​၊ ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် လူဝင်မှုကြီးကြပ်​​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖား​ဆောင်းမြို့နယ် ဦးစီး မှူးနှင့် ဝန်ထမ်းများ တက်​ရောက်ခဲ့ကြသည်။

အဆိုပါ​ ပေးအပ်ပွဲတွင် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ ခုနှစ်၊​ ဖေ​ဖော်ဝါရီလအတွင်း ​​မော်ချီး​ကျေးရွာ အုပ်စု(​တောင်​ပေါ်​ကျေးရွာ)မှ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်​ရေးကတ်ပြား (၂၅)ကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်​ရေးကတ် (၉)ကတ်၊ သက်ပြည့်နိုင်ငံသားစိစစ်​ရေး ကတ်ပြားလဲလှယ် (၆၆)ကတ်၊ နိုင်ငံသားစိစစ်​ရေးကတ်ပြား​ ပျောက်ဆုံး၊ ပျက်စီး(၁၂)ကတ်၊ စုစု​ပေါင်း(၁၁၂)ကတ်နှင့် အိမ်​ထောင်စုလူဦး​ရေစာရင်း မိတ္တူ(၂၀)စုတို့ကို ​ဆောင်ရွက်​ပေးနိုင်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုး​ကျော်ဦးတို့မှ ​ပေးအပ်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)