ကယားပြည်နယ်

ဖား​ဆောင်းမြို့နယ်၌  စာ​ပေချစ်သူများ စာဖတ်ဝိုင်းပြုလုပ်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်  ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာနနှင့် စာအုပ်စာ​ပေချစ်မြတ်နိုးသူများအသင်း (Book club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက  ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် သံဃာတော်များနှင့် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်း မရှိသေးသည့် အသက်(၁၈)နှစ်အထက် သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၂) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅၅၅၉) ဦးရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၆၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ ပိုး​တေွ့လူနာ (၂)ဦး တေွ့ရှိပါသဖြင့် ၎င်းပိုးတွေ့ လူနာသစ် (၂)ဦးအား လွိုင်ကော်​ဆေးရုံ​ကြီးတွင်ထားရှိ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။

လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်း အမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြို ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၄)နာရီအချိန်၌ တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၁၅) ဉီးရှိပြီး ၈-၁၂-၂၀၂၁ ရက်နေ့တွင် သေဆုံးသူမရှိ၊ ဆေးရုံဆင်းခွင့်ရသူ (၅၅၃၄) ဦးရှိ

ကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဒီဇင်ဘာလ (၈)ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၉၄) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ ပိုး​ တွေ့လူနာ (၁၅)ဦး တွေ့ရှိပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၁၅)ဦးအားလွိုင်ကော်မြို့နယ်ဆေးရုံတွင်(၇) ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၇)ဦးနှင့်ရွာသစ်တိုက်နယ်ဆေးရုံတွင် (၁)ဦးထားရှိ ကုသပေးလျက် ရှိကြောင်းသိရှိရသည်။

ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်မှ စတင်ပြီး မြို့ပေါ်ရပ်ကွက်များ အတွင်းတွင် လည့်လည်အသိပေး နှိုးဆော်ပြုလုပ်ခဲ့သည်။

ဘောလခဲမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် Mask Campaign ကို ဘောလခဲမြို့ မြို့မစျေးရှေ့နှင့် မြို့လယ် လမ်းဆုံမီးပွိုင့်နေရာများ၌ ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ ​

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရေး အစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက မြို့နယ်အုပ်ချုပ်ရေး မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယမန်နေ့ ထပ်မံတွေ့ရှိသူ (၅) ဦးရှိပြီး သေဆုံးသူ(၁)ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ (၅၅၀၆)ဦးရှိ

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဒီဇင်ဘာလ (၅)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသ သူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ် သူ(၂၀၉)ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ ပိုး​တွေ့လူနာ (၅)ဦး တွေ့ရှိပါသဖြင့် ပိုးတွေ့လူနာသစ် (၅)ဦးအား ဘောလခဲမြို့နယ် ဆေးရုံတွင် (၄)ဦးနှင့် တပ်မ​တော်ဆေးရုံတွင် (၁)ဦး ထားရှိကုသပေး လျက်ရှိကြောင်း သိရှိရသည်။
Subscribe to ကယားပြည်နယ်