လွိုင်ကော်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

လွိုင်ကော်  မေ  ၁၁

ကယားပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဘောလခဲခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြည်နယ်သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ သမဝါယဦးစီးဌာန၊ စိုက်ပျိုးရေးနှင့်သုတေသနဦးစီးဌာနတို့မှ ဖိတ်ကြားထားသူများ၊ ဌာနမှတာဝန်ရှိသူများနှင့် သင်တန်းသား/သူများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးက သင်တန်းမှရရှိသည့် နည်းပညာနှင့် အတွေ့အကြုံဗဟုသုတများကို ရင်းနှီး၍ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် ဌာနမှလည်း လိုအပ်သည့်အကူအညီများကို ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး က သင်တန်းထုတ်ကုန်များကို သင်တန်းသားများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဇင် (လွိုင်ကော်)