မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မယ်စဲ့   မေ  

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကြီးကြပ်ဆောင်ရွက်နေပြီး ကာကွယ်ဆေးထိုးရက်များ သတ်မှတ်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် နာရီက မြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် ရပ်ကွက်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်သူများအား အပိုဆောင်းကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်း၊ အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းနေပြင်ပနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မေ ရက်တို့တွင် နမ့်မန်းကျေးရွာနှင့်ဟိုဂျစ်ကျေးရွာများမှ ကာကွယ်ဆေး ထိုးနှံလိုသူ ပြည်သူများအတွက် ကာကွယ်ဆေးထိုးအဖွဲ့မှ သွားရောက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)