လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲ စတုတ္ထနေ့ ဆက်လက်ဖြေဆို

လွိုင်ကော် မေ ၁၀

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ စတုတ္ထနေ့  ဖြေဆိုခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ  ပါဠိပထမပြန်စာမေးပွဲများဖြစ်သည့် ပထမကြီးတန်း ဘာသာရပ်တွင် သံဃာတော် ၂၆ ပါး စာရင်းပေးသွင်းထားပြီး ၂၀ ပါး ဝင်ရောက် ဖြေဆိုကြောင်း၊ ပထမလတ်တန်း ဘာသာရပ်တွင် သံဃာတော် ၅၁ ပါး စာရင်းပေးသွင်းထားပြီး ၃၆ ပါး ဝင်ရောက်ဖြေဆိုကြောင်း၊ ပထမငယ်ဘာသာရပ်တွင် သံဃာတော် ၉၆ပါး စာရင်းပေးသွင်းထားပြီး ၇၁ ပါး ဝင်ရောက် ဖြေဆိုကြောင်း၊ အခြေပြုမူလတန်း ဘာသာရပ်တွင် သံဃာတော် ၉၂ ပါး စာရင်းပေးသွင်း ထားပြီး ၆၀ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း နှင့် ယနေ့တွင် ဘာသာရပ်အလိုက် ဖြေဆိုရန် သံဃာတော်စုစုပေါင်း ၂၆၅ ပါး စာရင်းပေးသွင်းထားပြီး ၁၈၇ ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။
စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဆရာတော်များ၊ ပြည်နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက စာဖြေကာလအတွင်းနေ့စဉ် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့မှ စာမေးပွဲကြီးကြပ် ဆရာတော်များနှင့် စာဖြေသံဃာတော်များအား နေ့စဉ် ဆွမ်းဆက်ကပ် လှူဒါန်းပေးလျက် ရှိပြီး မြို့နယ်ကျန်းမာရေးဌာန အနေဖြင့်လည်း စာဖြေသံဃာတော်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဇင်