ဖား​ဆောင်းမြို့နယ်၌ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးအတွက် ​ရေ​ဘေးသရုပ်ပြ ဇာတ်တိုက်​လေ့ကျင့်ခြင်း ​ဆောင်ရွက်

ဖား​ဆောင်း သြဂုတ် ၅

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ သဘာဝ​ဘေးအန္တရာယ် ကျ​ရောက်လာပါက အ​ရေး​ပေါ်ရှာ​ဖွေကယ်ဆယ်​ရေး လုပ်ငန်းများ အချိန်နှင့်တ​ပြေးညီတုံ့ပြန်​ဆောင်ရွက်နိုင်​စေရန်အတွက် ​ရေ​ဘေးသရုပ်ပြဇာတ် တိုက်​လေ့ကျင့်ခြင်းနှင့် အသိပညာ​ပေး​ဆောင်ရွက်ခြင်းများကို ယ​နေ့ နံနက် ၉ နာရီအချိန်က သံလွင်မြစ်ကမ်း၊ ဇာတ်ဆိပ်၌ ​ဆောင်ရွက်ခဲ့ရာ အဆိုပါ သရုပ်ပြ​လေ့ကျင့်ရာသို့မြို့နယ် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊​ ရွှေပြည်သို့ လူမှုကူညီ​ရေးအသင်းနှင့်​ ဒေသခံပြည်သူများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ ဆောင်ရွက်ရာတွင် ဖား​ဆောင်းမြို့နယ်အတွင်း မိုးတွင်းကာလ သံလွင်မြစ်​ရေ မြင့်တက်လာမှုနှင့်အတူ ​ရေကြီး​ရေလျှံမှုများနှင့် သဘာဝ​ဘေးအန္တရာယ်ကျ​ရောက်လာပါက အ​ရေး​ပေါ်ရှာ​​ဖွေကူညီ ကူကယ်ဆယ်​ရေးလုပ်ငန်းများ အချိန်နှင့်​တ​ပြေးညီ​ဆောင်ရွက်နိုင်​စေ​ရေးမြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးသိန်း​ဇော် ဦး​ဆောင်၍ သ​န္တေမီးသတ်တပ်ဖွဲ့ဝင်များနှင့်​ ရွှေပြည်သို့လူမှုကူညီ​ရေးအသင်းတို့ ပူး​ပေါင်း၍စက်​လှေ(၂)စီး၊ အသက်ကယ်​​လှေ(၁)စီးနှင့် လူနာတင်ယာဉ် (၁) စီး တို့ဖြင့် သံလွင်မြစ်အတွင်း​ရေပြင်ရှာ​ဖွေ ကူညီကယ်ဆယ်​​ရေးလုပ်ငန်းများနှင့်​ ရှေးဦးသူနာပြုလုပ်ငန်းများ​  ဆောင်ရွက်ခြင်း၊ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းများသို့ စနစ်တကျ​ပြောင်း​ရွှေ့ ကူညီ​ဆောင်ရွက်​ပေးခြင်း၊ လိုအပ်​သော ကျန်းမာ​ရေး​စောင့်​ရှောက်မှုနှင့် အသိပညာ​ပေးခြင်းများကို သရုပ်ပြဇာတ်တိုက်​လေ့ကျင့်ခြင်း​ဆောင်ရွက်ခဲ့ ကြသည်။

​ရေ​ဘေးသရုပ်ပြ ဇာတ်တိုက်​လေ့ကျင့်ခြင်း​ ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်း​​ဇော်က”ဖား​ဆောင်းမြို့နယ်အတွင်း သံလွင်မြစ်ကမ်း​ဘေးရှိ ​ကျေးစွာများတွင် ​နေထိုင်​ကြ​သော​ ဒေသခံပြည်သူများအ​နေဖြင့် မိုးတွင်းကာလတွင်ဖြစ်ပွား တတ်​သော​ရေကြီး​ရေလျှံခြင်းများနှင့် အတူကမ်းပြို​ဘေးများကြုံ​တွေ့ရပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်​စေ​ရေး၊​ ဘေးအန္တရာယ် အမျိုးအစားအလိုက်အ​ရေး​ ပေါ်လျင်မြန်စွာတုံ့ပြန်​ဆောင်ရွက်နိုင်​ရေးဇာတ်တိုက်​လေ့ကျင့်ခြင်းသည် သဘာဝ​ဘေးအန္တရာယ်များနှင့် အမှန်တကယ်ရင်ဆိုင်ကြုံ​တွေ့လာချိန်တွင်​ ဆောင်ရွက်ရမည့်​ ဆောင်ရန်/​ဆောင်ရန် အချက်အလက်များကို​ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာ​ဆောင်ရွက်နိုင်​စေ​ရေးအတွက် ယခုလို အသိပညာ​ပေး​လေ့ကျင့်​ ဆောင်ရွက်ရခြင်း ဖြစ်​ကြောင်း” ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် ​သဘာဝ​ဘေးအန္တရာယ်မှ တစ်မျိုးဖြစ်သည့် ​ရေ​ဘေးကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး လက်ကမ်းစာ​စောင်ကိုလည်း အခမဲ့ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)