မိုးညှင်းမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သမဝါယမအသင်းများ၏စိုက်ပျိုးထားရှိမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။