ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ ပူတာအိုနှင့် မချမ်းဘောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ GRADE-12 ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရကြေးနှင့်ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြှင့်မားရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုတိုးတက်မြင့်မားလာစေရေးအတွက် ပူတာအိုမြို့သို့ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက်က ပူတာအိုနှင့် မချမ်းဘောမြို့နယ်များအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။