မြစ်ကြီးနားမြို့၌ နာနတ်သီးဈေးကွက် ဈေးကောင်းရရှိ

မြစ်ကြီးနား ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရာသီအလိုက်သီးနှံများ ပေါ်ထွက်ရောင်းချလျက်ရှိရာ ယခုဇူလိုင်လတွင် နာနတ်သီးများ လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပြီး ဈေးကောင်းရရှိကြောင်း သစ်သီးအ‌ရောင်းဆိုင်များမှ သိရသည်။

ယခုလက်ရှိချိန်တွင် နာနတ်သီး လှိုင်လှိုင်ပေါ်ထွက်ရောင်းချလျက်ရှိပြီး နာနတ်သီးများ အကြီးအသေးပေါ်မူတည်၍ တစ်လုံးလျှင် (၁၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်ခန့်အထိ ‌ရောင်းချနိုင်ပြီး ယခင်နှစ်များထက် ဈေးကောင်းရရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)