မချမ်းဘောမြို့တွင် (၇၈)မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မချမ်းဘော ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဥ်းနှင့် အာဇာနည်စိတ်ဓာတ်များအကြောင်းကို အသိပညာပေး ဟောပြောသည်။ 

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ မဒချမ်းဘောမြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း  Grade-4 မှ ကျောင်းသားကျောင်းသူ ၁၃ ဦးတို့က ၁၉ ဇူလိုင်မမေ့နိုင်၊ မျက်ရည်သွန်းဖြိုး ဇူလိုင် ၁၉ စသည့်ကဗျာများဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး နောက်ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာမများက အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူ ၃၆ ဦးတို့က ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအသိပညာပေးနံရံကပ်စာစောင်များနှင့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြပွဲကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)