ကချင်ပြည်နယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော် ရှင်သန်နေသည့် မဲစာရင်းများ ပြည့်စုံမှန်ကန်‌စေရေး ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့် တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ ဧရာဝတီဧည့်ရိပ်သာအစည်း အဝေးခန်းမ၌ ရှင်သန်နေသည့် မဲစာရင်းများ ပြည့်စုံမှန်ကန်‌စေရေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့သည်။

မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သာယာကုန်းခေတ်မီစံပြ ကျေးရွာ၌ ကျေးရွာအင်္ဂါရပ်နှင့်အညီ ကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက စွန့်ပစ်အမှိုက်များကို စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအား ဆန်အိတ်များ ထောက်ပံ့၊ မုတ်သုံဦး MSME ဈေးရောင်းပွဲတော်အတွင်း ဒေသထွက်ကုန်ပစ္စည်းများအား ကြည့်ရှု

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသား/ ကျောင်းသူ များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအတွင်း စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

နိုင်ငံတော်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ဆေးဝါးပစ္စည်းများ ပူတာအိုလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင် ရောက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ခရိုင်ပြည်သူ့ဆေးရုံအတွက် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ဆေးဝါးပစ္စည်းများကို ယမန်နေ့ နေ့လည်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့မှ ပူတာအိုလေဆိပ်သို့ နှစ်ကြိမ်ပို့ဆောင်ရောက်ရှိလာရာ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မောင်မောင်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများက ဝမ်း‌မြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ကြသည်။

မြစ်ကြီးနားမြို့၌ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်

ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဥပဒေ အရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံ မေးမြန်းခြင်းအခမ်းအနားကို ဇွန် ၅ ရက်နေ့မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့သည်။

မိုးညှင်းမြို့၌ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှု ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မီးသတ်ဦးစီးဌာနမှ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိခြင်းနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက သာစည်ရပ်၊ ထီးလင်းဇာတ်ရုံကွင်း၌ ကျင်းပသည်။

မချမ်းဘောမြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကျောင်းသူကျောင်းသားများ စာဖတ်ရှိန် မြှင့်တင်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသော ကျောင်းသားကျောင်းသူများ ဖြစ်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ထရန်ဒမ်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စီတာပူ မနောကွင်းအတွင်း (၃) ရက်ကြာ ဖွင့်လှစ်ရောင်းချမည့် မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲ‌တော်အား ဖွင့်လှစ်

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များအား တန်ဖိုးမြှင့် စားသောက်ကုန် လူသုံးကုန်ပစ္စည်းများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်း MSME လုပ်ငန်းများ တိုးတက်မြင့်မား လာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကြီးကြပ်မှုဖြင့် စီတာပူရပ်ကွက်၊ မနောကွင်းအတွင်း (၃) ရက်ကြာကျင်းပမည့်  မုတ်သုံဦး MSME ထုတ်ကုန် ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အား ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသတွင်း MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော် ပြည်နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့နှင့်တွေ့ဆုံ

ပြည်ထောင်စုရွေး‌ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်(ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိခိုက်ပျက်စီးမှုမရှိ‌စေရေးအတွက် ပြည်နယ်အဆင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ယနေ့နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၂) ၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ သည်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေး ဇူလိုင်လအတွင်း လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများအား အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ရထားလမ်း ဖွင့်လှစ်နိုင်တော့မည်ဖြစ်

မြန်မာ့မီးရထားအနေဖြင့် ကချင်ပြည်နယ်အတွင်း မီးရထားပြေးဆွဲခြင်းလုပ်ငန်းကို မြစ်ကြီးနား- မိုးကောင်း၊ မိုးကောင်း-မြစ်ကြီးနားသာ ပြေးဆွဲနိုင်ခဲ့ရာမှ ယခုအခါတွင် မြစ်ကြီးနား-မိုးကောင်းမှ မိုးညှင်းမြို့အထိ မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လာမည့်ဇူလိုင်လအတွင်း လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများအား ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့၏ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထား ခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေးနှင့် ရထားလမ်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
Subscribe to ကချင်ပြည်နယ်