ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲသို့တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ မြို့နယ်အလိုက် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် အားကစားအသင်းများနှင့် ဘင်ခရာပန်းပွားအဖွဲ့များက ကွင်းအတွင်းနေရာယူ ကြကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့အား ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေး စက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ တက်ရောက်ခဲ့ကြသည်။

(၆၁) နှစ်မြောက် မြန်မာနိုင်းငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ အမှတ် (၁) တပ်‌မတော်ဆေးရုံ (ကုတင်-၃၀၀) ၌ စုပေါင်းသွေးလှူဒါန်း

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀) ၌ စုပေါင်းသွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

မချမ်းဘော၌ မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရာဇဝတ်ပြစ်မှုများသည် လူမှုဘဝလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေပြီး တရားဥပဒေစိုးမိုးရေးကိုပျက်ပြားစေနိုင်သည့်အတွက် မချမ်းဘောမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပူတာအိုခရိုင်၊ မချမ်းဘောမြို့ မြို့မစျေးရှေ့နှင့် ဂူဘားရိပ်သာလမ်းဆုံတို့၌ ယမန်နေ့နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်အေးရိုးဗစ်အသင်းနှင့် ဘိလိယက်နှင့် စနူကာအသင်းတို့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်) အားကစား နှင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်လက်ရွေးစင် အေးရိုးဗစ်အသင်းနှင့် ဘိလိယက်နှင့်စနူကာအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း တက်ရောက်သည်။

ပူတာအိုခရိုင်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောင်းသားလူငယ်လူရွယ်များ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်/ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ခရိုင်အတွင်းနှစ်စဉ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွက် မဲပေးစက်ကိုင်တွယ်ထိန်းချုပ်နည်း သင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ‌ဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် ယမန်နေ့နံနက် ၉ နာရီက ဗန်းမော်ခရိုင်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွက် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မန္တလေးမြို့ရှိ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာတိမ်းရှောင်နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ  နေရပ်စွန့်ခွာတိမ်းရှောင်၍ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲက ချမ်း‌အေးသာစံမြို့နယ်၊ ဆူးဖြူ‌ကျောင်းတိုက်၊ ဉာဏဝေပုလ္လဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိမြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံ ပညာမူလွန်(အရှေ့စု)ကျောင်း ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊‌ ငွေပျော်စံပြ‌ကျေးရွာ၌ သဘာဝဘေးအသိပညာပေး၊ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနမှ သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ စားနပ်ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့၊ ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်