ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော် ရှင်သန်နေသည့် မဲစာရင်းများ ပြည့်စုံမှန်ကန်‌စေရေး ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့် တွေ့ဆုံ

မြစ်ကြီးနား ဇွန် ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ ဧရာဝတီဧည့်ရိပ်သာအစည်း အဝေးခန်းမ၌ ရှင်သန်နေသည့် မဲစာရင်းများ ပြည့်စုံမှန်ကန်‌စေရေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ)က ဝန်ထမ်းများအနေဖြင့် ရှင်သန်နေသည့် မဲစာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လစဉ်စိစစ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ထို့အပြင် မြန်မာအီလက်ထရောနစ် မဲပေးစက်များသည် ကြီးကြပ်ကန့်သက်ပစ္စည်းများဖြစ်သောကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေး အထူးအ‌လေးထား ထိန်းသိမ်းကြရန်လိုအပ်ပါကြောင်းနှင့် မိမိတို့ဝန်ထမ်းများ အနေဖြင့်လည်း လိုအပ်သည့် အခက်အခဲများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာထမ်း၊ အမှုထမ်းများနှင့် မဲစာရင်းများ ပြည်စုံမှန်ကန်စေရေး၊ မဲပေးစက်များ စနစ်တကျထိန်းသိမ်းသွားမည့် လုပ်ငန်းအစီအမံများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်တာဝန်ခံက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)